ဟုမ္မလင်းမြို့၌ (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်၊ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲများကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၆

(၁၀၁)ကြိမ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဧဆက်က ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲသို့ အ.မ.က(၁) မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၆)ဦးကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဧဆက်(ဟုမ္မလင်း)