ဝေါ နိုဝင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေ သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၌ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်၊ ရေနံ့သာမောင်ကျော်ညွန့် ရေးစပ်သီကုံးသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာ၊ အထိမ်းအမှတ် ဆောင်ပုဒ်များနှင့် သဝဏ်လွှာ ကောက်နုတ်ချက်များ ပါဝင်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများနှင့် ကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)