ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား “သတင်းစကား” လက်ကမ်း စာစောင်များ(အခမဲ့)ဖြန့်ဝေ
Nov 25,2021
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။