မြစ်သားမြို့နယ်တွင်  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

မြစ်သား နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အသက် ၅၅နှစ်နှင့် အထက် ပြည်သူများအား  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ စုရပ်အဖြစ် သတ်မှတ်၍   နေ့စဉ် နံနက် (၉) နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ်နှင့် သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြစ်သားမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်​ရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး(၆) ပေအကွာနေရာချထားပေးခြင်း၊ စနစ်တကျစာရင်းပေးသွင်းခြင်း ၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေခြင်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့တွင် မြစ်သားမြို့နယ်မှ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူ (၄၇၅) ဦးကို စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၅၁၁၀)ဦးရှိပြီး အခြားကျန်ရှိနေသူများ ကိုလည်း ကျန်းမာရေးဝန်ကြီးန၏ သတ်မှတ်ဦးစားပေးအုပ်စုအလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွား မည်ဖြစကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြမြမွန် (မြစ်သား)