မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ်ပွားမှုအား တာဆီးကာကွယ်နိုင်စေရန်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ထမ်းများက အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၄)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှ သိရသည်။