မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာန Community Center ခန်းမတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး (Talk Show) ပြုလုပ်

မိုင်းနောင်     နို၀င်ဘာ   ၂၅   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Center ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ( Talk Show) ကို ယနေ့နံနက်(၈)နာရီအချိန်တွင် ပြုလုပ်‌​ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် မိုင်းနောင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်၀င်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးအဖြစ် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပွားသော လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များ၊လူကုန်ကူးခြင်းခံရသည်ဟု သံသယဖြစ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် လူကုန်ကူးမှုပပျောက်ရေးတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးရေးနှင့် အမျိုးသမီးများ၊ ကလေးငယ်များ လူကုန်ကူးမှု မခံရစေရေးအတွက် သတိထားရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးခဲ့သည်။

မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူအတွက် အသိပညာပေးရေး လုပ်ငန်းများဖြစ်သော စာအုပ်၊စာစောင်များဌားရမ်းပေးခြင်း၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ ပြသပေးခြင်း၊ ကျောင်းသားလူငယ်များ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ စာဖတ်စွမ်းရည်များ မြင့်မားလာစေရန် ပြိုင်ပွဲများ၊(Talk Show) များ ပြုလုပ်၍ Online မှတဆင့် ၀န်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)