လဲချား နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီဆေး ရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်ကို အသုံးပြု တတ်စေရန် ၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ်များ ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)