မုံရွာ နိုဝင်ဘာ ၂၅
၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ယနေ့ နေ့နံနက် ၁၁ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ်က ပြည်သူ့စာကြည့်တိုက် အတွက် ဖြန့်ဝေပေးပို့သည့် သုတ၊ ရသ စာအုပ်စာစောင်များအား ပြည်သူများ ငှားရမ်းဖတ်ရှု လေ့လာနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ရည်ရွယ်ပြသခြင်း ဖြစ်ကြောင်း သိရှိရပြီး မုံရွာခရိုင် ပြည်သူ့စာကြည့်တိုက် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)