ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာ ၂၅
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရေး အတွက် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
(၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်း ဖြစ်ပြီး သတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက် နုတ်ချက်၊ အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကား ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ် အကြောင်း၊ ရေနံသာမောင်ကျော်ညွန့် ရေးသားထားသည့် ဘုန်းရှင့်မြန်မာတို့ မြန်မာ ကဗျာ၊ အမျိုးသားပညာရေးအကြောင်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များ ပါဝင်ကြောင်းလည်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)