မင်္ဂလာဒုံ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ‘‘ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကြိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာနှင့် ဒုမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်နန်းလှ ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းနှင့် တာဝန်ရှိ ကျောင်းအုပ် ကြီးများက ကြီးကြပ်၍ အ.ထ.က(၅)ကျောင်းရှိအသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးနှံသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၀၁၇)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ကျောင်းသူ များအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြ ကြောင်းသိရသည်။
သန္တာ