ကလေးဝ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နေ့ ၁၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ကလေးဝမြို့ပေါ်ရှိ အမှတ် (၂)အခြေခံပညာမူလွန်ကျောင်း၊ အမှတ် (၃)အခြေခံပညာ မူလွန်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ကလေးများက မမဝဝထထက ကဗျာ ၊ မင်္ဂလာ ကဗျာတို့ဖြင့် ရွတ်ဆို ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)