ကော့ကရိတ် နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် မွေးမြူရေးဇုံရှိ အောက်ဆီဂျင်စက်ရုံ အဝင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါ အောက်ဆီဂျင်စက်ရုံ အဝင်လမ်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် ဝန်ကြီးများက တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်ဆီဂျင်စက်ရုံအဝင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခဲ့သည့် တာဝန်ရှိသူများ၊ ဗန်းကိုင်တိုင်းရင်း သူများနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ဆက်လက်၍ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲအချိန်က အဆိုပါ စက်ရုံဝင်း အတွင်းကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်မှ အောက်ဆီဂျင်စက်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ အောက်ဆီဂျင်စက်ရုံ ဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းခြင်းနှင့် အဆိုပါစက်ရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါစက်ရုံ လည်ပတ်မှု အခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။ ထို့နောက် အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက် ရေးကော်မတီ နာယက ဦးစန်းမြင့်က စက်ရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီ နာယက ဦးစန်းမြင့်က အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တို့အား ပေးအပ်ခဲ့သည်။အဆိုပါ အောက်ဆီဂျင်စက်ရုံသို့ လွယ်ကူစွာ သွားလာနိုင်ရန် မြေသားလမ်းနှင့် ရေပြွန်ပြုလုပ်ခြင်းအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် (၁၉၇)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အောက်ဆီဂျင်စက်ရုံကို ကော့ကရိတ် မြို့နယ်အတွင်းရှိ ဒေသခံနှင့် ရပ်ဝေးနေပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ အောက်ဆီဂျင်စက်ရုံအနေဖြင့် တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ အိုး (၃)လုံးထွက်ရှိပြီး၊ အဆိုပါ အောက်ဆီဂျင်များကို ကော့ကရိတ်မြို့နယ် အတွင်းရှိ ဒေသခံနှင့် ရပ်ဝေးပြည်သူများအတွက် အောက်ဆီဂျင် ၄၀လီတာဆံ့ အိုး (၁)လုံးကို ငွေကျပ် (၆၀၀၀)ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီ နာယက ဦးစန်းမြင့်ထံမှ သိရသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၃)ရပ်ကွက် မိုးလုံ လေလုံအားကစားခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အဆိုပါမိုးလုံလေလုံအားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ တစ်ဦးက မိုးလုံလေလုံအားကစားခန်းမ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချူပ်နှင့် ဝန်ကြီးများအား ပေးအပ်ခဲ့သည်။ ထို့နောက် Physical Fitness Dance ပြည်နယ်အားကစား သမားများအဖွဲ့မှ သရုပ်ပြတင်ဆက်ပေး ခဲ့ပြီး အဆိုပါအားကစားသမားအဖွဲ့အား ပြည်နယ်ဝန်ကြီချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ သည်။ အဆိုပါ မိုးလုံလေလုံ အားကစားရုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်း (၂၈၄.၈၂၂)ဖြင့် အလျား (၁၂၀)ပေ၊ အနံ (၉၀)ပေ၊ အမြင့် (၃၆)ပေရှိ Steel Structure မိုးလုံလေလုံ အားကစားရုံဖြစ်ကြောင်း သိရသည်။ဆက်လက်၍ ဒေါနခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ ဒေါနခန်းမဝင်းအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်နှင့် ဝန်ကြီးများက တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေါနခန်းမဆိုင်း ဘုတ်နှင့် ကဗျည်းကျောက်စာတိုင် အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗျည်း ကျောက်စာတိုင်အား အမွေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့သည်။ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်မှ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေပေးခဲ့သည့် မြပတိုင်ဒုံးယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဒေါနခန်းမအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ဒေါနခန်းမ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။အဆိုပါ ဒေါနခန်းမကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်နယ် ဘတ်ဂျက်ရန်ပုံငွေကျပ်သန်း (၂၆၆.၇၀)ဖြင့် အလျား (၁၅၁)ပေ၊ အနံ (၇၁)ပေ၊ အမြင့် (၁၇)ပေရှိ One Story Steel Structure ခန်းမဆောင်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)