သတင်းများ

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) RCC သုံးထပ်ဆောင်တည်ဆောက် နေမှုအားကွင်းဆင်းစစ်ဆေး
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC သုံးထပ် ဆောင်တည်ဆောက်နေမှုအား ယနေ့နံနက် (၁၀) နာရီအချိန်က မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီ တို့က ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်
Nov 25,2021
စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းရှိ ကလေးငယ်များအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို အဆိုပါကျောင်းဝင်းအတွင်း နိုဝင်ဘာ(၂၅)ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားပြုလုပ်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာ ဟင်္သာတ-မြန်အောင် ကားလမ်းကြီးဘေးတွင် ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ် စာစောင် ပြပွဲ ပြုလုပ်
Nov 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ နိုဝင်ဘာ၂၈ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင် ပြပွဲကို ယနေ့မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကို​ဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့မဈေးမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ကာ မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ငဖဲမြို့မဈေးအတွင်း ဈေးရောင်းချနေကြသည့် ဈေးဆိုင်ခန်းများအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဖျာပုံမြို့၌ ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းအသစ်များအား လုပ်ငန်းကျွမ်းကျင် စေရေးသင်တန်းဖွင့်
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော်က ဦးဆောင်၍ ခရိုင်အတွင်း လိုအပ်လျက်ရှိသော လုပ်ငန်းခွင်လိုအပ်ချက်အရ အသစ်ခန့်အပ် ပေးပြီးဖြစ်သော ဝန်ထမ်းသစ်များအား ရုံးလုပ်ငန်း လက်စွဲပါအချက်အလက်များ သိရှိလိုက်နာ စေရန် လုပ်ငန်းကျွမ်းကျင်စေရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြသည်။
အောင်လံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။