သတင်းများ

နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်(၃၆၉၀)ဦး ပြုလုပ်ပေးပြီးဖြစ်
Nov 25,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်များရရှိစေရန် အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က စတင်ဆောင်ရွက်ပေးခဲ့သည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများထံဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော မြန်မာ့စီးပွားရေး ဘဏ် မြို့နယ်လျှပ်စစ်ရုံးနှင့် ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့သည်၊
ဖျာပုံမြို့၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်း အမှတ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာ​ဗဟုသုတ တိုးပွားစေ​ရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက် များဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က တိုက်ကြီးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လက်ဝယ်သို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
တုံတာမြို့၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့ နံနက် ၉ နာရီ အချိန်က တုံတာမြို့ ရပ်ကွက်-၃ ရှိ အခြခံပညာအလယ်တန်းကျောင်းတွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ပျော်ပွဲရွှင်ပွဲများကျင်းပ
Nov 25,2021
ကလေးငယ်များ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ဉာဏ်ရည်ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၈ နာရီ က မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရွှေဘိုမြို့ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု (Community Centre)ခန်းမ၌ စာရေးဆရာ မြတ်သာထွန်း(ရွှေစံပြ)၏ ကြီးပွားချင်းအစ အလုပ်က ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဇာတိသွေးနှင့် ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်းတွင် ရေးသားထားသော စာရေးဆရာမြတ်သာထွန်း (ရွှေစံပြ)၏ ကြီးပွားခြင်း အစ အလုပ်က ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကူးစက်မှုများ ပ​ပျောက်​ရေး အထူးစီမံချက်ဖြင့် ​ဆောင်ရွက်လျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှု ပ​ပျောက်​ရေးအတွက် ​အထူးစီမံချက်ဖြင့် ​ယ​မန်​နေ့ နံနက်ပိုင်းက Covid-19 Fever Clinic နှင့် မြို့ဝင်ဘီးခွန်ဂိတ်အနီးတို့တွင် ကွင်းဆင်းစစ်​ဆေး​ပေးခဲ့ရာ ကိုဗစ်-၁၉ ​ရောဂါ အတည်ပြုလူနာ (၂) ဦး ​တွေ့ရှိကြောင်း သိရသည်။