သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် နေ့ထူးနေ့မြတ်များ အကြောင်း သိစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက အနော်ရထာလမ်းမကြီးရှိ လမ်းသွား/လမ်းလာများ၊ အမှတ်(၂၀)စျေးကြီးအတွင်းရှိ စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် ၁၂.နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ယမန်နေ့ နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Nov 25,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များ ဆက်လက်ထိုးနှံပေး လျက်ရှိ
Nov 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့် အထက် ပြည်သူများ အား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ သည်။
ကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (101) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Nov 25,2021
တန်ဆောင်မုန်းလဆုတ် ၁၀ ရက် ( နိုဝင်ဘာလ ၂၈ ) ရက်နေ့တွင် ကျရောက်မည့် (101) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာနှင့် ကဗျာပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ :30 နာရီက ကျောက်တန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့် ဝန်ထမ်းများ က မြို့မစျေး၊ ဆိုက်ကားဂိတ်နှင့် အ.ထ.က( ၁) ကျောင်းရှိ ကျောင်းသား/သူ များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ်  သတင်းစကားလက်ကမ်း စာစောင်များ  အခမဲ့ဖြန့်ဝေ                                    
Nov 25,2021
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းက  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  ဝန်ထမ်းများက   မြို့ပေါ်ရပ်ကွက်များ၌  အခမဲ့  ဖြန့်ဝေခဲ့ကြောင်း သိရ သည်။