အောင်လံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

အောင်လံ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း က Talk Show ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းနွယ်က ကလေးသူငယ်အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ် အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရန်အတွက် ကာကွယ်စောင့်ရှောက်ရန် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အဟာရပြည့်ဝရေး၊ ပညာသင်ယူရေးနှင့် အခွင့်အလမ်းများ ရရှိရေးအပါအဝင် လိုအပ်သော အစီအမံများချမှတ် ဆောက်ရွက်ရန်၊ လစ်လျူရှု့ခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်စေတနာ့ ဝန်ထမ်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ် စောင့်ရှောက်ရန် ကလေးသူငယ် အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးနှင့် အကာအကွယ် တန်းတူညီမျှ ရရှိစေရေးနှင့် ခွဲခြားဆက်ဆံခြင်း မပြုစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)