နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) RCC သုံးထပ်ဆောင်တည်ဆောက် နေမှုအားကွင်းဆင်းစစ်ဆေး

နတ်မောက်  နိုဝင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC သုံးထပ် ဆောင်တည်ဆောက်နေမှုအား ယနေ့နံနက် (၁၀) နာရီအချိန်က မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီ တို့က ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။

လူထုအခြေပြုဗဟိုဌာန (Community Centre) RCC သုံးထပ်အဆောက်အဦ(၆၀×၇၀) ပေ တည်ဆောက် ခြင်းကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုငွေ (၄၁၄.၀၁၀)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော  Moon & Space ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်၍ ယနေ့အထိ (၈၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) RCC သုံးထပ်အဆောက်အဦ ကို စံချိန်စံညွှန်းနှင့် အညီသတ်မှတ်ကာလအတွင်းပြီးစီးရေးကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိပြီးအဆောက်အဦ ဆောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများအသုံးပြုနိုင်ရန် စီစဉ်ထားသည့် ပြခန်း၊ သင်တန်းခန်းမ၊ ကလေး စာဖတ်ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အစည်းအဝေးခန်းမ တို့ကိုဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှသိရသည်။

လှဝင်း