အင်္ဂပူ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာ ဟင်္သာတ-မြန်အောင် ကားလမ်းကြီးဘေးတွင် ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးမောင်မောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဋ္ဌဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ငြိမ်း)၊ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်) နာယကဦးသိန်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီနှင့် အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းကုန် ကျငွေ (၁၄၆၇)သိန်းခန့်ရှိကြောင်း၊ ၁နာရီလျှင် အောက်စီဂျင်(၄၀)လီတာ အိုး(၄)လုံးနှုန်းဖြင့် တစ်ရက်လျှင် (၉၆)လုံးထုတ် လုပ်နိုင်မည့်ဖြစ် ကြောင်းသိရသည်။
မန်းကျော်