ဖျာပုံမြို့၌ ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းအသစ်များအား လုပ်ငန်းကျွမ်းကျင် စေရေးသင်တန်းဖွင့်

ဖျာပုံ    နိုဝင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော်က ဦးဆောင်၍ ခရိုင်အတွင်း လိုအပ်လျက်ရှိသော လုပ်ငန်းခွင်လိုအပ်ချက်အရ အသစ်ခန့်အပ် ပေးပြီးဖြစ်သော ဝန်ထမ်းသစ်များအား ရုံးလုပ်ငန်း လက်စွဲပါအချက်အလက်များ သိရှိလိုက်နာ စေရန် လုပ်ငန်းကျွမ်းကျင်စေရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကျော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွက်ချက်အား ရှင်းလင်းပြောကြားရာ ဝန်းထမ်းအသစ်များ အနေဖြင့် ဌာနမှ ပြဌာန်းထားသော ရုံးလုပ်ငန်းလက်စွဲပါ အချက်များကို သိရှိလိုက်နာပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သော ဝန်ထမ်းကောင်းများဖြစ်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းနည်းပြများက ပို့ချပေးလျက်ရှိပြီး၊ သင်တန်းကို(၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)