(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများထံဖြန့်ဝေ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော မြန်မာ့စီးပွားရေး ဘဏ် မြို့နယ်လျှပ်စစ်ရုံးနှင့် ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့သည်၊