မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဒူဘိုင်းနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့်စစ်ဆေး
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် ဒူဘိုင်းနိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစခန်းတွင် ယနေ့နံနက်(၉)နာရီက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသူ(၂၃)ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၄)ဦး၊ ဒူဘိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ(၁၂)ဦးစုစုပေါင်း(၃၉)ဦးတို့ကို RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။