ပေါင်းတည် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ နိုဝင်ဘာ၂၈ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင် ပြပွဲကို ယနေ့မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲတွင် အမျိုးသားနေ့နှင့်ပတ်သက်သည့် စာအုပ်များနှင့် နံရံကပ်စာစောင်တွင် အမျိုးသားနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန်သစ္စာဆိုဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊အမျိုးသားအောင်ပွဲနေ့ဆင်နွှဲစို့ (ကဗျာ) နှင့် ကာတွန်းများဖြင့် ပြသခဲ့ရာ ကျောင်းသားကျောင်းသူလေးများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။
အေးအေးဆင့်