မန္တလေး နိုဝင်ဘာ ၂၅
ကလေးငယ်များ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ဉာဏ်ရည်ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၈ နာရီ က မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကလေးငယ်များ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေဖို့ အမျိုးသားအောင်ပွဲနေ့ အကြို သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲ၊ဗူစီပေါင်းဖောက် ပြိုင်ပွဲများကို ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးတာပါ၊ အမှတ်တရလက်ဆောင်တွေလည်း ပေးအပ်ချီးမြှင့်သွားမှာပါ၊ ကလေးငယ်တွေ ခုလိုပျော်ပျော်ရွှင်ရွှင် ပါဝင်ယှဉ်ပြိုင်ကြတော့ အရမ်းပဲဝမ်းသာပါတယ်ဟု မန္တလေးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြား သည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲပြိုင်ပွဲကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် ကလေးငယ်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကလေးငယ်များ၊ကလေးငယ်များ၏ မိဘများ၊ ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)