မိုင်းဖြတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပပျောက်ရေးအတွက် အထူးစီမံချက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက Covid-19 Fever Clinic နှင့် မြို့ဝင်ဘီးခွန်ဂိတ်အနီးတို့တွင် ကွင်းဆင်းစစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂) ဦး တွေ့ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 Fever Clinicမှ ကျန်းမာရေး ဝန်ထမ်းများ၊ မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အထူးစီမံချက်ဖြင့် မြို့တွင်းသွားလာနေကြသည့် ပြည်သူ (၄၅၈) ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RTD Test kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
အလားတူ မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 Fever Clinic ၌ ကျန်းမာရေး လာရောက်စစ်ဆေးသူ (၁၂) ဦးကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခဲ့ရာ (၂) ဦး၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် (၁) ရက်မှ နိုဝင်ဘာလ (၂၄) ရက်အထိ အတည်ပြု လူနာပေါင်း (၁၀၀၅) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာသူ (၉၁၆) ဦး၊ ဆေးကုသမှု ခံယူသူ (၇၉) ဦး ကျန်ရှိနေပြီး သေဆုံးသူ(၁၀) ဦး ရှိကြောင်း သိရသည်။
သန်းထွန်းအေး