တိုက်ကြီး နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက် များဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က တိုက်ကြီးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လက်ဝယ်သို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ဆောင်ပုဒ်များနှင့် အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။ ထို့အပြင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်လည်း အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ စာပေချစ်သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)