ဖျာပုံနိုဝင်ဘာ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်း အမှတ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲတွင်ဆရာ ဦးအောင်ဌေး ကျော်က မြန်မာနိုင်ငံ၏အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ကို လူငယ်လူရွယ်များ၊ ပြည်သူများအားလုံးမမေ့မလျော့တတ်စေရန်အတွက် ပြည်သူများအားလုံး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် အရေးကြီးကြောင်း ဆွေးနွေးအသိပညာပေး ဟောပြောခဲ့ ကြောင်းသိရသည်။
ဖျာပုံခရိုင် ပြည်သူ့စာကြည်တိုက်တွင် သုတ၊ ရသ စာအုပ်များကို ပြည်သူများအား အခမဲ့ငှားရမ်း ပေးခြင်း၊ အသိပညာပေး(Talk Show)များပြုလုပ်ခြင်း၊ ကလေးငယ်များအတွက် Onlineမှတဆင့် အသိပညာပေးခြင်း၊ ဗဟုသုတတိုးပွားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့်တင်ဆက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်