ရွှေပြည်သာ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများဖြစ်သော မြန်မာ့စီးပွားရေး ဘဏ် မြို့နယ်လျှပ်စစ်ရုံးနှင့် ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့သည်၊
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် တွင် ရန်ကုန်ယူနီဗာစီတီကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုခဲ့ကြသော ကျောင်းသားကြီး ၁၁ ဦး၊ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ၉၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်ဖြစ်သော အမျိုးသား ပညာရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁ - ၄ - ၂၀၂၁ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်ဖြစ်သည့် ပညာရေးကဏ္ဍသည် အရေးကြီး၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံ၊ ရေနံ့သာ မောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာတို့ မြန်မာစသည်တို့ ဝေဝေဆာဆာ ထည့်သွင်း၍ ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပါရှိကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)