ရွှေဘို နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဇာတိသွေးနှင့် ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်းတွင် ရေးသားထားသော စာရေးဆရာမြတ်သာထွန်း (ရွှေစံပြ)၏ ကြီးပွားခြင်း အစ အလုပ်က ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာရွှေစောသက်က ကြီးပွားခြင်းအစ အလုပ်က ဆောင်းပါးကို ဦးဆောင် ဆွေးနွေး ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော စာရေးဆရာများ၊ စာပေဝါသရှင်များက သိရှိလိုသိများကို ဖြည့်စွတ်မေးမြန်း ဆွေးနွေးခဲ့ကြရာ Books Club နာယက ဆရာတော် အရှင်နိမလနှင့် ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုတို့က ဖြည့်စွတ်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းအပြီးတွင် နောက်တစ်ကြိမ် ဆွေးနွေးမည့် စာအုပ်ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းသို့ Books Club၊ Youth Club ၊Woman Clubနှင့် စာပေဝါသနာရှင် ၂၅ ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘိုစိုး(ရွှေဘို)