ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင် လူငယ်များ ပူးပေါင်းပြီး စာဖတ်ဝိုင်းကျင်းပ

ပင်လောင်း  နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်များ ပူးပေါင်းပြီး ၂၁၂၁ ခုနှစ် နို၀င်ဘာလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ ၁၈၊ အမှတ် ၂၁ တွင် ပါရှိသည့် ဆောင်းပါးရှင် ပေါက်ပေါက်ရေးသား သော “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများသို့ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းက စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေခြင်း၊ အမှားအမှန်၊ အဆိုးအကောင်း ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ပင်လောင်းမြို့နယ် Youth Club အဖွဲ့ခေါင်းဆောင် ဒေါ်နေနေလှိုင်းယဉ်က "ကလေးနှင့်ကိုဗစ်အန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့၀င် စိုင်း၀ဏ္ဏအောင်က "နိုင်ငံတကာ ကလေးများ ကာကွယ်ဆေးထိုးနှံပေးနေမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုင်းဟန်မင်းသန့် က" မြန်မာပြည်တွင်း ဆေးထိုးနှံခြင်းအစီအစဉ်များ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စိုင်း ရန်ပိုင်ထွန်းက "အခြေခံပညာဦးစီးဌာန၏ အသိပေးနှိုးဆော်ချက်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့၀င် မချိုသာချမ်းမြေ့က"အိမ်တွင်းကြိုတင်ပြင်ဆင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ စာပေဝါသနာရှင်လူငယ်များက သိရှိလိုသည်များကို အမြင်ချင်းဖလှယ် အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)