ကျိုက်လတ်မြို့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ကျိုက်လတ်   နိုဝင်ဘာ     ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ပြည်သူများ၊ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နေ့လယ် ၁၁နာရီကဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများ၊အထက ကျောင်းများရှိကျောင်းသားကျောင်းသူများ၊ မြို့မဈေး ရှိပြည်သူများအား သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့အစရှိသော အကြောင်းအရာများ၊ ရေနံ့သာ မောင်ကျော်ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရှိရသည်။

 

ဌေးဌေးလှိုင်