ဒေးဒရဲမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စို့ ဆောင်ပုဒ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား ပညာရေးဖော်ပြချက်၊ ရေနံ့သာမောင်ကျော်ညွန့် ရေးစပ်သီကုံးသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ၊ ပညာရေးကဏ္ဍသည် အရေးကြီးဖော်ပြချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးအတူပူအမျှ မိန့်ခွန်း ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းဖော်ပြချက်များပါဝင်သည့် သတင်းစ ကား လက်ကမ်းစာစောင်များကို မြို့ပေါ်အခြေခံပညာ ကျောင်းများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေဇာလင်း