ပုသိမ်ကြီးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို ) ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (ကြို ) အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီခွဲက လူထုအခြေပြုဗဟိုဌာန (cအommunity centre) ပံသုကျီခန်းမ၌ ကျင်းပ သည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပပြီး၊ အထက ပုသိမ်ကြီးကျောင်းမှ ကျောင်းသား/ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို ) အထိမ်းအမှတ်အဖြစ် စာစီ စာကုံး ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)