အမ်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

အမ်း နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ၊ ကျောင်းသားများ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များသို့ သွားရောက်ပြီး ပြည်သူများ လေ့လာသိရှိနိုင်စေရေး အတွက် ဖြန့်ဝေပေးခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်ဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အေးအတူပူအမျှ၊  ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားပညာရေး စသည့် အကြောင်းအရာများ၊ ရေနံသာမောင်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာများဖြင့် ဝေဝေဆာဆာ ဖော်ပြပါဝင်ကြောင်း သိရသည်။

စိုးမင်းထွန်း