ရေဖြူ နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက်ထရံကျေးရွာတွင် အခြေခံပညာ အလယ်တန်းအဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ကလိန်အောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် မောရဝတီရေတပ်မှ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပရဟိတ အဖွဲ့ဝင်များက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ထိုးနှံပေးကြရာ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှု ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောက်ထရံကျေးရွာတွင် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လမ်းသွားလမ်းလာများ Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign ကိုပါ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရေဖြူ(ပြန်/ဆက်)