မိုင်းခတ်မြို့၊ လူထုအပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းခတ်  နိုဝင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စာအုပ် စာစောင ်ချစ်မြတ်နိုးသူများ အသင်း (Book Club)၊ အမျိုးသမီးများအဖွဲ့ (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာကောင်းမြတ်ရေးသားသည့်  "ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာရေးဆရာကောင်းမြတ် ရေးသားသည့် "ပွင့်သောပန်းတိုင်း မွှေးစေလို" စာအုပ်မှ ကလေးငယ်များ ပြုစုပျိုးထောင်ရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဦးဆောင်ဆွေးနွေးရာ Women Club အဖွဲ့ဝင် ဒေါ်အေးနန္ဒာမြင့်က စည်းကမ်းမလိုက်နာတတ်တဲ့ကလေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် မထရေးဇာက လေ့လာသင်ယူမှု အားနည်းတဲ့ကလေး ခေါင်းစဉ်ဖြင့် လည်း ကောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းခတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူ အကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။