ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၆

ပြည်နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (ရှမ်းအရှေ့) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်က စီမံကိန်းများ ရေးဆွဲ အကာင်အထည်ဖော်ရာတွင် ကျေးရွာ၊ ရပ်ကွက်အခြေခံသည့် သက်ဆိုင်ရာဒေသအသီးသီး၏ လူမှုစီးပွား အခြေအနေ စာရင်းဇယားများ ပြည့်စုံခိုင်မာရေး ဆောင်ရွက်ရန်၊ ဒေသန္တရစီမံကိန်း တွင် ဆောင်ရွက်သည့် လုပ်ငန်းများရှိပါက လုပ်ငန်းစီမံ ချက်၏ အကျိုးအမြတ် ပြန်ရ ရှိချက်၊ ဒေသအတွက် အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိမရှိ ကို စိစစ်ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) အတွင်းရေးမှူး ဦးအောင်ကျော်ဦး က စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) အဖွဲ့ဝင်များက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် ဒေသအလိုက်စီမံကိန်းများ ဆောင်ရွက်ရာတွင် ဆီလျော်သည့် လုပ်ငန်းများ အတွက် အစီအမံများထည့်သွင်း ဆောင်ရွက်မှု စသည့်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြရာ ပြည်နယ် စီမံကိန်းရေးဆွဲ ရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (ရှမ်းအရှေ့) ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)