သဲကုန်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲမြို့ တိုက်နယ်ဆေးရုံနှင့် ဆေးထိုးစုရပ်အသီးသီးတွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ဆေးထိုးစုရပ် အသီးသီးတို့၌ သံဃာတော်/သီလရှင် သာသနာ့ဝန်ထမ်းများ အပါအဝင် အသက်(၁၈) နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများနှင့် (ဆီးချို၊ သွေးထိုး၊နှလုံး) အစရှိသော ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါအခံရှိ သူများ၊ ပုဂ္ဂလိက/စက်ရုံ အလုပ်ရုံ ဝန်ထမ်းများအား တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စနစ်တကျ မှတ်တမ်းရေးသွင်းကာ ကိုယ်အပူချိန်တိုင်းတာ၍ သွေးပေါင်ချိန်ပေးခြင်းတို့ ဆောင်ရွက် ပေးပြီး ကျန်းမာရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဆေးထိုးရန်ကျန်ရှိနေသူများကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)