လှိုင်းဘွဲ နိုဝင်ဘာလ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဗုဒ္ဓဘာသာတို့၏ ပွဲတော်တစ်ခုဖြစ်သော စုပေါင်း မဟာဘုံကထိန်းပွဲတော်ကို နှစ်စဉ် အစဉ်အလာမပျက်ကျင်းပဆောင်ရွက်ခဲ့ကြရာ ယမန်နေ့က အောင်မြင်သာယာ ပရိယတ္တိစာသင်တိုက်၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ဓမ္မသဘင်ကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာပွဲအခမ်းအနားတွင် လှိုင်းဘွဲမြို့ အောင်မြင်သာယာပရိ ယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာတို့၏ ပွဲတော်တစ်ခုဖြစ်သော မဟာဘုံ ကထိန် သင်္ကန်းကပ်လှူရခြင်း၏ အကျိုးတရားများ၊ မင်္ဂလာတရားတော်များ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မှုခဲ့ပြီး လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ် ဆရာတော်/သံဃာတော်များအား အလှူရှင်များက ကထိန်သင်္ကန်းကပ်လှူပူဇော်ခြင်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက် ချသွန်းချ အမျှဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)