ပြင်စလူမြို့တွင် ကိုဗစ်-၁၉‌ရောဂါ ကူးစက်မှုလျော့နည်းစေရေး  အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ပြင်စလူ နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်  ရပ်ကွက်များ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကို  မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ကြေညာပေးခြင်းကို ယနေ့နံနက် (၈ ) နာရီမှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီး ဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများ အား  Sound Box  စက်ဖြင့်အရှိန်အဟုန်မြှင့်  လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင်  မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးသော်လည်းကိုဗစ်-၁၉ ရောဂါဆက်လက်ရှိသေးသည့်အတွက် နေအိမ်ပြင်ပသို့ မဖြစ် မနေ ထွက်ခွာပါက (Mask) နှာခေါင်း စည်း စနစ်တကျ တပ်ဆင်ရန် ၊အခြား သူများနှင့် အနည်းဆုံး(၆) ပေ အကွာ မှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူ များနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊စျေးဝယ်ခြင်း များမှ ရှောင်ကြဥ်ပါ၊တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း  လက်ကို ဆပ်ပြာရေ ဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ် တကျ လက်ဆေးပါ ၊ အတူနေ မိသားစုအတွင်း ဖျားနာ သူများ ရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများခံစားရလာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး လုပ်ငန်း များကို ဆက်လက် လိုက်နာကြရန် စသည့် ကြေညာ ချက်များကို  ကိုယ်စီလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်တို့ကို အများပြည်သူ လိုက်နာနိုင်ရေးအတွက် အသိပညာပေးနှိုးဆော် ကြေညာခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဇော်ဝင်းထွန်း