အမျိုးသမီးအပ်ချုပ်စက်(၂)လသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

သရက်ချောင်း နို၀င်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ကျေးလက်ဒေသဖြိုးတိုးတက်ရေးဦးစီးဌာန၊သရက်ချောင်းမြို့နယ်ရုံး၌ အသက်မွေး၀မ်းကျောင်း အထောက်ကူပြုသင်တန်း အမျိုးသမီး အပ်ချုပ်စက်(၂)လသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နေ့နံနက်၁၀နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေဦးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်(၁)ဗိုလ်မှူးဟန်ဇော်ထွန်းတို့က သင်တန်းဖွင့်အမှာစကားများကို ပြောကြားရာတွင် သင်တန်းကို၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းဖွင့်လှစ် ရန်စီမံထားရှိမှုကြောင့် သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ် ပေးသည့် သင်တန်းကို အောင်မြင်ပြီးဆုံးသည်အထိ တက်ရောက်ကြပြီးသင်ကြားပို့ချသည့် စာတွေ့လက်တွေ့ဘာသာ ရပ်များကိုစိတ်ပါ၀င်စားပြီး မိမိဒေသတွင် တစ်ဖတ်တစ်လှမ်းမှ မိသားစု၀င်ငွေများပုံမှန်ရရှိအောင် ဆောင်ရွက်ကြရန်တို့ကို ဆွေနွေးပြောကြားပြီး မြို့နယ် ဦးစီးမှူး ဦးကောင်းမြတ်ထက်က သင်တန်းဆင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့၀င် များ၊ ဌာနဆိုင်ရာဖိတ်ကြားထားသူများနှင့် သင်တန်းသားများတက်ရောက်ကြပြီး ပထမဆုကို မဖြူဖြူသိန်းကလက်ခံရရှိပြီး၊ ဒုတိယဆုကိုမခွန်ချိုချိုဆက်၊ တတိယဆုကို မအေမီဆက်က လက်ခံရရှိပြီး သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးနွယ်၀င်း