မိုးမောက်မြို့တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်

မိုးမောက် နိုဝင်ဘာ ၁၀ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခန့်က မွေးကင်းစမှ(၅)နှစ်အောက် ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံလင်း၏ ဦးဆောင်မှုဖြင့် အသက်(၅)နှစ်အောက် ကလေးများ မကျန်ရှိစေရေး (၅)နှစ် အောက်ကလေးများအား ပိုလီယိုကာကွယ် ဆေးနှင့် ဝက်သက်ဂျိုသိုးရောဂါ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းကို သားဖွားဆရာမ ဒေါ်ငင်းလို နှင့်ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။