ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၄)ရက်‌နေ့အထိ မအိုင်ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၂)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၁၅)ဦး၊ လဲလှယ်(၁၀)ဦး၊ မိတ္တူ(၆)ဦး၊ စုစုပေါင်း(၄၃)ဦးနှင့် ရွှေ့ပြောင်း အိမ်ထောင်စု(၆)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်သူ များပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိ​စေရန် လက်ကမ်းစာ​စောင်များဖြန့်​ဝေ​ပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)