မိတ္ထီလာမြို့နယ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မိတ္ထီလာ နိုဝင်ဘာ ၁ဝ

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်း လမ်းညွှန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ယနေ့နံနက် ၉ နာရီအချိန်က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပထမအကြိမ် ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းအား  အောင်ဇေယျာ ရပ်ကွက်တွင် နယ်မြေ(၁၁)ဓမ္မာရုံ၌ ၆ဝဝ ဦး၊ နန်းတော်ကုန်းရပ်ကွက်တွင် အထက (၁) ၌ ၆ဝဝ ဦး၊ ချည်စက်ရပ်ကွက်တွင် ချည်စက်ဓမ္မာရုံ၌ ၆ဝဝ ဦး၊ အောင်ဆန်းရပ် ကွက်တွင် အထက(၄)၌ ၆ဝဝ ဦး၊ ကွက်ငယ်ကျေးရွာအုပ်စုတွင်     အထက(ခွဲ) ကွက်ငယ်၌ ၅ဝဝ ဦး၊ မြင်းကန်အုပ်စုတွင် အမက (မြင်းကန်) ၌ ၄၈ဝ ဦး၊ ညောင်မြင့် ကျေးရွာအုပ်စုတွင် အမက (ညောင်မြင့်၌ ၂ဝဝ ဦး၊ ကျောက်ဖြူကုန်း အုပ်စုတွင် အင်းပက်လက် ဓမ္မာရုံ၌ ၂၅ဝ ဦး တို့အား အသီးသီးထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများတွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချမ်းသာ