ဝေါမြို့နယ် ပဲခူး- စစ်တောင်းတူးမြောင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ဝေါ  နိုဝင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများ ကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် (၈) နာရီခွဲက ဝေါမြို့ကန်တော်ရပ်ကွက်ရှိ ပဲခူး-စစ်တောင်း တူးမြောင်း အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာတွင် ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန ၊ ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများ၊ ပဲခူး ငါးသားပေါက်စခန်းမှ  တာဝန်ခံများ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဦးနှင့် ဒေသခံ ပြည်သူများမှ ငါးမြစ်ချင်း (၃၅၀၀၀၀) ကောင်၊ ငါးခုံးမကြီး (၂၈၀၀၀၀) ကောင် စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၆၃၀၀၀၀)ကောင်တို့အား ပဲခူးစစ်တောင်းတူမြောင်းအတွင်း အသီးသီး ငါးမျိုးများ စိုက်ထည့် ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)