ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၀
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ဆက်လက်ကူးစက် ပျံ့နှံ့ နေမှုအခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့နယ်အတွင်း၌ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံပိုင်းအချိန်ကမြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ လမ်းဆုံနေရာများ မြို့လယ်လမ်းဆုံနေရာ များနှင့် လူစည်ကားရာ မြို့မဈေးနှင့် ယာယီပျံကျဈေးသို့သွားရောက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာထားသည့် ပန်ကြားချက်များ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် များနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာနေထိုင်နိုင်စေရေးအတွက် အသံ ချဲ့စက်မိုက်ဖြင့် နေ့စဉ်စဉ်ဆက်မပြတ် အသိပညာပေးခြင်း အသိပေးနှိုးဆော်ခြင်း ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး