ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဈေးမှ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေး

ဆီဆိုင်          နိုဝင်ဘာ        ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်      ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအမြန်ဆုံး လျော့ချနိုင်ရေးအတွက် ဆိုက်ခေါင်ဈေးတွင်     ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က (RDT)Tesk Kit  ဖြင့်တာဝန်ရှိသူများမှစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဆိုက်ခေါင်ဈေးတွင် ဈေးရောင်းချသူ(၁၂၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ (RDT)Tesk Kit  ဖြင့် အခမဲ့စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု တွေ့ရှိသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကုသရေးဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။        

မျိုးမြတ်(ဆီဆိုင်)