စေတုတ္တရာမြို့နယ်၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း သင်တန်းဖွင့်လှစ်
Nov 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဒေသခံငါးမွေးတောင်သူများ အခြေခံငါးမွေးမြူရေး နည်းပညာများ သိရှိလာစေရန်နှင့် ငါးသယံဇာတများ ရေရည်စဉ်ဆက်ပြတ် ထုတ်လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ယမန်နေ့တွင် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာအုပ်စု၊ ကြီးအုံ ကျေးရွာ၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း သင်တန်းကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။