မြဝတီ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် နေထိုင်သော မနန်းခေါင်ခလိန်းအား ယခုလိုပဲသွား ရောက်တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
မေး။ ။ အစ်မရေ အစ်မရဲ့နာမည်နဲ့ နေတဲ့ရပ်ကွက်လေး ပြောပြပေးပါအုံးရှင့်။
ဖြေ။ ။ ကျွန်မအမည်ကတော့ နန်းခေါင်ခလိန်း ဖြစ်ပါတယ်ရှင်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ နေပါတယ်။
မေး။ ။ အစ်မအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရမှီကာလမှာ ဘယ်လိုမျိုး လက္ခဏာခံစားရလဲရှင့်။ ပြီးတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဘယ်လိုမျိုး သိရှိခဲ့လဲ ရှင့်။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်တာ မသိခင်မှာ (၃) ရက်ဆက်တိုက် ညနေပိုင်းမှာ ဆိုရင် ဖျားတယ်၊ (၄) ရက်မြောက်နေ့ကျ အပြင်းအထန် ဖျားပြီးတော့ (၅) ရက်မြောက်နေ့ကျတော့ အနံ့လည်းပျောက်သွားတယ်၊ ကိုယ်လက်တွေ ကိုယ်ခဲတယ်၊ အရသာလည်း ပျောက်သွားတာနဲ့ ချက်ခြင်း ခရိုင်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊မရှိ စစ်ဆေးလိုက်တဲ့ အ ချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် အစ်မအနေနဲ့ ဘယ်လိုခံစားရလဲ ရှင့်။ ပြီးတော့ကော ဘယ်လိုမျိုးကုသမှု ခံယူခဲ့သလဲ ရှင့်။
ဖြေ။ ။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့် မြဝတီမြို့ မဲကနယ်တိုးချဲ့ရပ် ကွက်သစ် မှာ ဖွင့်ထားတဲ့ ကိုဗစ်ကုသရေး စင်တာမှာဘဲ (၁၀) ရက် ဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်မှာ အရသာပျောက်သွားတဲ့အတွက် အစားလုံးဝ စားလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်ကိုတိုင်က ကိုဗစ်-၁၉ ရောဂါပျောက်ကင်း ချင်တဲ့ အတွက် အစားကိုဝင်အောင် သေချာစားပါတယ်၊ ကိုဗစ်စင်တာမှာရှိတဲ့ စေတနာ့ ဝန်ထမ်းများကလည်း ဆေးကုသမှု ခံယူနေတဲ့ ပိုးတွေ့လူနာများကိုလည်း မနက်တစ် ကြိမ် ညနေတစ်ကြိမ် Pressure တိုင်းပေးတယ်၊ အဖျားတိုင်းပေးတယ်။ ကိုဗစ်စင်တာမှာရှိတဲ့ ဆရာ၊ ဆရာမ တွေပေးတဲ့ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါ တယ်၊ အသက်ရှုခြင်း လေ့ကျင့်ခန်းလုပ်ပါတယ်။
မေး။ ။ အစ်မအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မိဘပြည် သူများကို ဘာတွေဖြည့် စွက်ပြောချင်လဲရှင့်။
ဖြေ။ ။ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန်အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါတယ်၊ ကိုဗစ် - ၁၉ ရောဂါ သံသယ လက္ခဏာ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသ မှုခံယူကြဖို့ တိုက်တွန်းလိုပါတယ်။
ဖြိုးဖြိုးစံ