သတင်းများ

ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့် တိုက်တွင် Online Pageမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ
Nov 11,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု၊ ငှားရမ်းခြင်းမပြုနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးသူငယ်များ အတွက် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ Online Pageမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့၊ ညနေပိုင်းက မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌စာအုပ်အားမိတ်ဆက်ပေးခဲသည်။
လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌  စာအုပ်စာပေချစ်မြတ်နိုးသူများ   စာဖတ်ဝိုင်း  ကျင်းပ   
Nov 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်၊    အတွေးအခေါ်  အသိအမြင်များ  အချင်းချင်း  ဖလှယ်တတ်စေရန်၊   စာပေမှရရှိသော  အသိအမြင်   ဗဟုသုတများကို  အသုံးချ တတ် လာစေရန်  ရည်ရွယ်၍    “တန်ဖိုးရှိသောနေ့”   စာအုပ်ဖြင့်   ယနေ့နံနက်  (၁၀)နာရီ အချိန်က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပ ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Nov 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ၏ လူငယ်များကို ပျိုးထောင် ပေးပါ စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
လိပ်သိုမြို့၌  ကိုဗစ်-၁၉ရောဂါ  ပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်း  လုပ်ငန်းများ ကရင်၊မြန်မာနှစ်ဘာသာဖြင့်   ဆောင်ရွက်ပေးလျက်ရှိ 
Nov 11,2021
ကိုဗစ်-၁၉‌ရောဂါ  ကူးစက်ပြန့်ပွားမှုကို  ထိန်းချုပ်နိုင်ရန်အတွက်   ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့၌  ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုမရှိစေရေး    အသိပညာပေးလုပ်ငန်းများကို    စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့နံနက်ပိုင်းက ကျန်းမားရေးဝန်ကြီးဌာနက  ထုတ်ပြန် ထားသော  ပြည်သူသို့အသိပေးချက်များကို  ဒေသနေပြည်သူများ   သိရှိလိုက်နာကြစေရန်    လိပ်သိုမြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ကရင်၊ မြန်မာ နှစ်ဘာသာဖြင့်    မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာများအရောက် လှည့်လည်နှိုးဆော်ခဲ့ ကြောင်းသိရသည်။
သုဝဏ္ဏဝတီမြို့ရှိ စည်ပင်သာယာဈေးနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Nov 11,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက်ရှိ စည်ပင်သာယာဈေးနှင့် ကျိုက္ကော်၊ သိမ်ဆိပ် ရပ်ကွက်တို့ရှိ စက်သုံးဆီအရောင်းဆိုင်တို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။
ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိ‌ခေတ္တရာရတနာ မြို့တော်ခန်းမနှင့် သာသနာ့ ဗိမာန်တော် ဆေးထိုးစုရပ်‌နေရာနှစ်ခုတို့၌ ယမန်နေ့ နံနက်ပိုင်းနှင့် နေလယ်ပိုင်းတို့တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့ပေါ်မှ နွမ်းပါးသည့် သီလရှင်ကျောင်းများသို့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများလှူဒါန်း
Nov 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ နွမ်းပါးသီလရှင် ကျောင်း(၃) ကျောင်းအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ကိုယ်ရည် သန့်ရှင်ရေးသုံး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ယမန်နေ့ ညနေ(၃)နာရီခန့်၌ ပေးအပ်လှူဒါန်းခဲ့သည်။
မိုးညိုမြို့နယ် အားကစားကွင်းအတွင်း၌ အားကစားရုံဆောက်လုပ်လျက်ရှိ
Nov 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း အတွင်း၌ ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း(၂၈၀) ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ လင်းလက် မြကမ္ဘာကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။