သုံးခွ နိုဝင်ဘာ ၁၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ နတ်သျှင်(ရွှေဂူ) ၏ လူငယ်များကို ပျိုးထောင် ပေးပါ စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်တင်ထွေးက ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းလာပြီဖြစ် သည့်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို (၁.၁၀.၂၀၂၁) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး သုတ/ ရသစာအုပ်များ ငှားရမ်းပေးနေပြီ ဖြစ်ပါကြောင်းနှင့် စာပေချစ်သူများ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စာဖတ်ဝိုင်းများကိုလည်း ယနေ့ပြန်လည် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပ ပြုလုပ်သွားမည်ဖြစ် သည့်အတွက် စာပေချစ်သူများကလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် Book Club အဖွဲ့ဝင် ဦးကြည်စိုးလွင်က "စာဖတ်ခြင်း အနုပညာ" ခေါင်းစဉ်ကို လည်ကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က "လူငယ်များကို ပျိုးထောင်ပေးပါ" ခေါင်းစဉ်နှင့် Women Club အဖွဲ့ဝင် ဒေါ်ရီရီအေးက "လူငယ်နှင့်အချိန်တန်ဖိုး" ခေါင်းစဉ်များကို စာဖတ်ဝိုင်း ဆွေးနွေးကြ ရာ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများမှလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး